၁၀ အောက်တိုဘာ
ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဂျူးဘုရားကျောင်း အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
၎င်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဆက်နွှယ်မှုရှိသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် Halle မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဂျာမနီမီဒီယာ က ဖော်ပြထားသည်။
ဂျူးဘုရားကျောင်း အနီးရှိ ဂျူးသင်္ချိုင်းထဲကို ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။
ခမောက်ဦးထုပ် ဆောင်းထားသူ တစ်ဦးက ကားထဲမှထွက်လာပြီး အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပုံကို ဒေသခံမီဒီယာ က ရိုက်ကူးထားသော ဗွီဒီယိုဖိုင်တွင် ပြသထားသည်။
Halle မြို့မှ ၁၅ ကီလိုမီတာ အကွာခန့်၊ အနီးနားရှိ မြို့တစ်မြို့တွင် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့သည်ဟု အချို့မီဒီယာ က ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် လူအများအပြား ပါဝင်နိုင်သည်ဟုဆိုကာ ဒေသခံများကို ရဲတပ်ဖွဲ့က သတိပေး ပြောကြားထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


