၁၀ အောက်တိုဘာ

 

 

အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဝီရန်တို အား ကားထဲအဝင်မှာ အိုင်အက်စ်အဖွဲ့ဝင်လို့ သံသယရှိသူ တစ်ဦးက  ဒီကနေ့ (ကြာသပတေးနေ့) မှာ ဓါးနဲ့ထိုးရာ ဒဏ်ရာနှစ်ခုရရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

 

လုံခြုံရေးဝန်ကြီးဟာ ဂျာဗားကျွန်းရှိ ပန်ဒန်လန်မှာ ရောက်ရှိနေစဉ် အခုလို တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ လုံခြုံရေးဝန်ကြီးနဲ့အတူ ဒေသခံရဲချုပ်တို့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး သံသယရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။

 

 

ဒေသတွင်းက တက္ကသိုလ်ဝန်းထဲမှာ တိုက်ခိုက်သူတွေကို လုံခြုံရေး တာဝန်ထမ်းဆောင်သူတွေက  ဖမ်းဆီခဲ့တာ ဖြစ်ပါတယ်။

 

 

လုံခြုံရေးဝန်ကြီးမှာ ဒဏ်ရာ အပြင်းအထန် ရပေမယ့် စိုးရိမ်စရာ မရှိကြောင်းနဲ့ အခုတော့ မြို့တော် ဂျာကာတာရှိ ဆေးရုံကို ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP