နေပြည်တော် ၁၀ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေး မိုးလေဝသအခြေအနေများ အကျဉ်းချုပ်နှင့်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ) ဆယ်ရက်ပတ်အတွက် စိုက်ပျိုးရေးဆိုင်ရာ(ပျှမ်းမျ) မိုးလေဝသအချက်အလက် ခန့်မှန်းချက်များ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို မိုးဇလမှ ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင် လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ - ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင် အောက်တိုဘာလ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ ကချင်ပြည်နယ်တွင် အောက်တိုဘာလ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် တို့ထက်ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်နှင့် ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း(ပဲခူးမြို့)နှင့် ရန်ကုန်တိုင်းဒေသကြီး (ကမ္ဘာအေး) တို့တွင် မိုးအနည်းငယ် ရွာသွန်းခဲ့သော်လည်း တိုင်းထွာရေတွက်နိုင်သော မိုးရေချိန်ပမာဏ မရှိခဲ့ပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - ကချင် ပြည်နယ်တွင် အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အောက်တိုဘာလ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၆) ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်) အခြေအနေများမှာ − မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ (ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၄)ဒီဂရီဖာရင်ဟိုက်နှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် အောက်တိုဘာလ (ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက် အထိနှင့် ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ - မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် (၇၅%)မှ (၈၀%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၈၁%)မှ (၈၈%)အတွင်းနှင့် ချင်းပြည်နယ်တွင် (၉၄%)အသီးသီး ရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ - ချင်းပြည်နယ်တွင် (၁၇ မီလီမီတာ)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂၄ မီလီမီတာ)မှ (၂၉ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၁ မီလီမီတာ)မှ (၃၉ မီလီ မီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။
(ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ - စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (ခြောက်သွေ့)အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် (စိုစွတ်)အခြေအနေနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ အသီးသီးရှိခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယ)(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော် အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေ
မိုးရွာသွန်းမှုအခြေအနေမှာ - ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချူန်းရွာနိုင်ပါသည်။
မိုးရွာရက်
မိုးရွာရက်အနေဖြင့် - နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချူန်း ရွာနိုင်ပါသည်။
MDN


