၁၁ အောက်တိုဘာ

 

ဂျပန်တွင် အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် စနေနေ့၌ ပြေးဆွဲပျံသန်းမည့် ဂျပန်ပြည်တွင်းလေကြောင်းလိုင်း ၁,၂၀ဝ ကျော်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

 

ဂျပန်လေကြောင်းလိုင်းက ဟာနီဒါနှင့် နာရီတာလေဆိပ်များအပါအဝင် နိုင်ငံတဝန်းရှိ လေကြောင်းခရီးစဉ် ၅၁၃ ခုကို ဖျက်သိမ်းလိုက်ပြီး All Nippon Airways လေကြောင်းလိုင်းကလည်း အဆိုပါလေဆိပ်များအပါအဝင် ခရီးစဉ် ၄၉၀ ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ အလားတူပင် အခြားသောလေကြောင်းလိုင်းများကလည်း ခရီးစဉ်အချို့ ဖျက်သိမ်းခဲ့သည်။

 

All Nippon Airways လေကြောင်းလိုင်းက ဟာနီဒါနှင့် နာရီတာ လေဆိပ်တို့မှ နိုင်ငံတကာခရီးစဉ် ၁၁၂ ခုကို ဖျက်သိမ်းခဲ့ပြီး ဂျပန်လေကြောင်းလိုင်းကလည်း အဆိုပါလေဆိပ်တို့မှ နိုင်ငံတကာခရီးစဉ် ၇၂ ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်