မင်းလှ ၁၂ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ ရှားတောကွင်းကျေးရွာတွင် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီက လူသတ်မှူဖြစ်ပွားခဲ့ရာ တွက်ပြေးတိမ်းရှောင်သွားသူအား (၂၄) နာရီအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပေပင်တန်းအုပ်စု၊ ကျွန်းကုန်းရွာနေ လှအောင်နှင့် ပေပင်တန်းအုပ်စု၊ စိန်သာယာရွာနေသူ ထွန်းလင်းတို့မှာ လွန်ခဲ့သော(၅)ရက်ခန့်က စကားများရန်ဖြစ်ခဲ့ရာ လှအောင်မှ ရန်ငြိုးထားပြီး ထွန်းလင်းအား ကိုင်းခုတ်ထားဓားဖြင့် ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အမှုအား မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေရဲစခန်းမှ အမှုဖွင့်ခဲ့ပြီး အဖွဲ့(၅)ဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေခဲ့ရာ လူသတ်ထွက်ပြေးသွားသည့် လှအောင်အား မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဝင်းမြင့်၊ မင်းလှနယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မိုးဝင်းနှင့် အဖွဲ့များက အောက်တိုဘာ ၁၂ ရက် နံနက် ၃ နာရီက ရှားတောကွင်းကျေးရွာ အနောက်ဘက် လူးသွားလမ်းအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


