ဝါရှင်တန် ၁၃ အောက်တိုဘာ
အမေရိကန်နိုင်ငံမှ အမိမြေလုံခြုံရေးဝန်ကြီး ကီဗင်လက်အလီနန်သည် စတင်တာဝန်ထမ်းဆောင်ပြီး ခြောက်လအကြာတွင် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။ မစ္စတာ ကီဗင်မှာ မိသားစုအား အချိန်ပေးလိုသည့်အတွက် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ထရမ့်က ပြောသည်။
မစ္စတာ ကီဗင်သည် အသက် ၄၈ နှစ်အရွယ်ရှိပြီး အမေရိကန်သမ္မတထရမ့် ရာထူးသက်တမ်းအတွင်း အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် လေးဦးမြောက် တာဝန်ထမ်းဆောင်သူလည်း ဖြစ်သည်။ ၎င်းသည် မက္ကဆီကိုနယ်စပ်တွင် ဖြစ်ပွားနေသည့် ရွှေ့ပြောင်းနေထိုင်သူပြဿနာနှင့် သမ္မတ ထရမ့်၏ တင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ကြီးကြပ်ကွပ်ကဲပေးရသူလည်း ဖြစ်သည်။
ဘီဘီစီ


