အွာဂါဒါဂူ ၁၄ အောက်တိုဘာ


ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်းတွင် ဘာသာရေး အဆောက်အအုံတစ်ခုကို သေနတ်သမားများ ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြသည်။


မြို့တော် အွာဂါဒါဂူ အရှေ့မြောက်ဘက်မှ ၂၆၉ ကီလိုမီတာအကွာ အူဒါလန်ပြည်နယ်ရှိ ဆယ်လ်မိုစီ ဘာသာရေးအဆောက်အအုံကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဆုတောင်းဝတ်ပြုသူ ၁၅ ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဧရိယာရှိ စစ်ဘက်အရာရှိတစ်ဦးက ဆင်ဟွာသို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။


ဒေသဆိုင်ရာ သတင်းရင်းမြစ်အချို့က ယင်းတိုက်ခိုက် မှုကို အတည်ပြုခဲ့သော်လည်း ဘာကီနာဖာဆို အာဏာ ပိုင်များက နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ ဘာကီနာဖာဆို၌ အကြမ်းဖက်တိုက်ခိုက်မှု များကို ရင်ဆိုင်ခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ရကာ လူပေါင်း ၂၈၀၀၀၀ ကျော် အိုးအိမ်မဲ့ခဲ့ရသည်။


ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာသည့်အတွက် ပြည်သူများသည် နေအိမ်များမှ ထွက်ခွာကာ လုံခြုံစိတ်ချ ရသည့် နေရာများဆီသို့ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိ သည်။ နိုင်ငံအတွင်းရှိ ဒေသအများအပြားတို့တွင် အကြမ်းဖက်မှုကို တားဆီးရန် ညမထွက်ရအမိန့်ထုတ်ပြန် ခဲ့ရပြီး စစ်ဘက်က အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများ ကို တိုးချဲ့လုပ်ဆောင်ခဲ့သည်။


ဆင်ဟွာ