mdn

နေပြည်တော် ၁၄ အောက်တိုဘာ

 

ရန်ကုန် -နေပြည်တော်လမ်းမိုင်တိုင်(၄၃/၅)တွင် ယနေ့ နံနက် ၆ နာရီခွဲက ယာဉ်မောင်း ကိုစောဝင်းရွှေ လှိုင်သာယာ မြို့နယ်နေသူမောင်းနှင်လာသည့် YGN. 8M/----Townace  အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်သွားရာ ယာဉ်ပေါ်ပါ ကျား (၆)ဦး မ(၇) ဦး စုစုပေါင်း(၁၃) ဦး ပါရှိသည့်အနက် ကျား(၅) ဦး မ(၄) ဦး ပေါင်း(၉) ဦး (မစိုးရိမ်ရ.) ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနီစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN

 

mdn