၁၆ အောက်တိုဘာ
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂူရီရို ပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက မက္ကဆီကိုရှိ ပြည်သူ့လုံခြုံရေး အာဏာပိုင်များ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
လက်နက်ကိုင်အုပ်စု တစ်စုက စစ်တပ်အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့ကြကြောင်း ဒေသခံမီဒီယာ က ဆိုသည်။
အဆိုပါ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်တပ်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လက်နက်ကိုင်အုပ်စုမှ ၁၄ ဦး သေဆုံးခဲ့သည်။
မက္ကဆီကိုစီးတီးမြို့တော်၏ တောင်ဘက် ၁၇၀ ကီလိုမီတာ အကွာရှိ တီပိုချီကာ မြို့တော်တွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


