၁၇ အောက်တိုဘာ

 

 

တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၉၅ ဦးကို အီဂျစ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးကြောင်း  လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ရှိ လစ်ဗျား လူဝင်မှုကြီးကြပ်ရေးဌာနက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 

ပြည်နှင်ဒဏ် ပေးခံရသော ရွှေ့ပြောင်းသွားလာသူများသည် ကူးစက်ရောဂါ ခံစားရသူများဖြစ်ပြီး ၎င်းတို့သည် အီဂျစ်နယ်စပ်ကို ဘတ်စ်ကားများဖြင့် ဖြတ်ကျော်သွားလာခဲ့ကြသည်။

 

 

တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၀၀ ကျော်ကို နိုင်ဂျီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ ပြီးခဲ့သည့်တနင်္လာနေ့က ပြည်နှင်ဒဏ်ပေးခဲ့သည်။

 

 

လစ်ဗျားနိုင်ငံရှိ ထိန်းသိမ်းရေး စင်တာများတွင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ဦးရေ ၆၅၀၀၀၀ ရှိရာ ဦးရေ ၆၀၀၀ ခန့်မှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

 

 

ထောင်ချီရှိသော တရားမဝင် ရွှေ့ပြောင်းသွားလာသူများတွင် အများစုမှာ အာဖရိကတိုက်သားများ ဖြစ်ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို