၁၇ အောက်တိုဘာ

 

 

တူရကီနိုင်ငံအနီး ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်များတပ်စွဲထားရာ အရေးပါသောမြို့ Ayn al-Arab အတွင်းသို့ ယမန်နေ့က ဆီးရီးယားစစ်တပ် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။

 

 

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အလက်ပိုပြည်နယ်၏ ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသရှိ ကိုဘိန်းမြို့ဟုလည်း သိကြသည့် Ayn al-Arab တွင် ဒေသခံများ ကြိုဆိုနေသည့်ကြားမှ ဆီးရီးယားစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း  SANA သတင်းအေဂျင်စီ က ဖော်ပြထားသည်။

 

 

တစ်ချိန်တည်းမှာပင် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ စစ်ရေးစောင့်ကြည့်သူ ဆီးရီးယား လေ့လာရေး အဖွဲ့က ဆီးရီးယားစစ်တပ်သည် ရုရှားစစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ Ayn al-Arab မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

 

 

ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်ထိန်းချုပ်ထားသော ဒေသများကို တူရကီထိုးစစ်ဆင်မှုကို တုံ့ပြန်ရန် ကာ့ဒ်ထိန်းချုပ်ထားသော ဒေသများကို ဆီးရီးယားစစ်တပ်အား လွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍ ဆီးရီးယား စစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့များအကြား များမကြာမီက ရရှိခဲ့သည့် သဘောတူညီမှု တစ်စိတ်တစ်ဒေသ အနေဖြင့် ယင်းသို့ဝင်ရောက်လာခြင်းဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို