၁၇ အောက်တိုဘာ

 

ဟောင်ကောင်လွတ်တော် ပြန်လည်စတင်တဲ့ ဒုတိယမြောက်နေ့မှာ အုပ်ချုပ်ရေးမှူး ကယ်ရီလန်းကို ဆန့်ကျင်တဲ့ လွတ်တော်အမတ်တွေကို ပါလီမန်အစည်းဝေးခန်းမကနေ လုံခြုံရေးဝန်ထမ်းတွေက ဆွဲထုတ်ခဲ့ကြပါတယ်။ သုံးလတိတိ နားထားတဲ့ လွတ်တော်ကို ဗုဒ္ဓဟူးနေ့ က ပြန်လည်စတင်ခဲ့ပါတယ်။

 

1

 

မနေ့က အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီလိုလားတဲ့ လွတ်တော်အမတ်တွေရဲ့ နှောက်ယှက်ပေးမှုကြောင့် မိန့်ခွန်းကို အပြီးသတ်မပြောကြားနိုင်ဘဲ ဗီဒီယိုကနေ တဆင့် ပြောကြားခဲ့ရပါတယ်။

 

ဒီကနေ့ လွတ်တော်အစည်းဝေးမှာတော့ မနေ့က ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သတ်တဲ့ အမေးအဖြေကို လုပ်ရန် စီစဉ်ရာ အုပ်ချုပ်ရေးမှူး ကယ်ရီလန်းကို ဆန့်ကျင်တဲ့ လွတ်တော်အမတ် ၁၁ ဦးက ဆန့်ကျင်တဲ့ ပိုစတာများ ကိုင်ဆောင်ထားသလို တချို့လွတ်တော်အမတ်တွေက ဆန္ဒပြပွဲတွေအတွင်းမှာ ဒဏ်ရာရရှိသူများနဲ့ အတူရှိကြောင်း ပြသတဲ့အနေနဲ့ အဖြူရောင်ပန်းများ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။

 

လွတ်တော်အမတ်တွေကို လုံခြုံရေးဝန်ထမ်းတွေက အစည်းဝေးခန်းမှ ဆွဲထုတ်ယူစဉ် ကယ်ရီလန်ဟာ အုပ်ချုပ်ရေးမှူးအဖြစ် မရှိသင့်ဘူး။ သူဟာ အရည်အချင်းမရှိဘူးဆိုပြီး အော်ဟစ်တာကို တွေ့ရပါတယ်။

 

ဟောင်ကောင်မှာ တရားခံလွဲပြောင်းပေးရေး ဥပဒေနဲ့ပတ်သတ်ပြီး ဆန့်ကျင်မှုတွေ ပြုလုပ်ရာကနေ ဆန္ဒပြပွဲတွေဟာ လေးလကျော်အထိ ကြာမြှင့်ခဲ့တာကိုတွေ့ရပါတယ်။

 

ဆန္ဒပြသူတွေက ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကို  ရဲတပ်ဖွဲ့အား လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးရေး၊ ဖမ်းဆီးခံခဲ့ရသော လူပေါင်း ၂၅၀ဝ ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးရေး နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲများဖြစ်ပေါ်လာရေးကို တောင်းဆိုထားပါတယ်။

 

 

MDN

ကိုးကား - AFP