အင်္ဂပူ  ၁၇  အောက်တိုဘာ

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ ကွင်းကောက်(မြောက်)ကျေးရွာ  ဝိဇ္ဇာလမ်းရှိ ဒေါ်စန်းရီ ပိုင်ဆိုင်သော ဝိဇ္ဇာမောင် ရသေ့ကျောင်း၏ ယောဂီဆွမ်းစားဆောင်တွင် ယနေ့မွန်းလွဲ နာရီခန့်က ယောဂီဆွမ်းစားဆောင်ရှိ မိန်းခုံအပူလွန်ကဲရာမှ အနီးရှိ ထရံသို့ မီးကူးဆက်လောင်ကျွမ်းမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများက မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ မွန်းလွဲ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဝိဇ္ဇာမောင်ရသေ့ကျောင်း ယောဂီဆွမ်းစားဆောင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အလျား ၂၀ ပေနှင့် အနံ ၁၀ ပေအား မီးကူးဆက် လောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)