မနီလာ အောက်တိုဘာ ၁၇
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်က လှုပ်ခဲ့သော ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။ ငလျင်ကြောင့် မြေပြိုမှုတွင် ၎င်းတို့အိမ်နှင့်အတူ သားအမိနှစ်ဦးမှာ သေဆုံးသွားကြောင်း ဖိလစ်ပိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
ဒေသခံမီဒီယာများ၏ပြောကြားချက်အရ မိန်းကလေးနှစ်ဦးမှာ ပြိုကျ သွားသောနံရံနှင့် ပရိဘောဂများကြားတွင် ပိတ်မိပြီး သေဆုံးသွားကြောင်း ဆိုသည်။ ငလျင်၏ ဗဟိုချက်အနီးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုပမာဏကို ခန့်မှန်းရန်ခက်ခဲခဲ့ကြောင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စစ်ဘက်၊ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ခ်ျကေ၊ ဘာသာပြန်-စိုးသူရ


