ဗန်ကောက် ၁၈ အောက်တိုဘာ


ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်းက အိတ်ခ်ျတီအမ်အက်စ် ဘူမိဘောအဒူလျာဒက်ဟု အမည်ပေးထားသည့် ဖရီးဂိတ်စစ်သင်္ဘောသစ် တစ်စင်းကို အောက်တိုဘာ ၁၆ ရက်တွင် ရေချသည့်အခမ်းအနား ပြုလုပ် ခဲ့ကြောင်း သိရသည်။


ချွန်ဘူရီပြည်နယ် ဆတ်တာဟစ်ပ်ရေတပ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် အိတ်ခ်ျတီအမ်အက်စ် ဘူမိဘောအဒူလျာဒက် ဖရီးဂိတ်စစ်သင်္ဘောရေချသည့် အခမ်းအနားတွင် ထိုင်းဘုရင်မင်းမြတ်နှင့်မိဖုရားတို့က သဘာပတိအဖြစ်ဆောင် ရွက်ခဲ့သည်။ နတ်ရွာစံသွားသည့် ဖခင်၏အမည်ကို အစွဲပြု၍ ထိုင်းဘုရင်က စစ်သင်္ဘောသစ်ကို အမည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ စစ်သင်္ဘောသစ်ကို တောင်ကိုရီးယားနိုင်ငံ ဒေဝူးသင်္ဘောတည် ဆောက်ရေးနှင့် ရေကြောင်းအင်ဂျင်နီးယားရင်းကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖျက်သိမ်းလိုက်သည့် ဖရီးဂိတ်သင်္ဘောနှစ်စင်းနေရာတွင် အစားထိုးရန် အမေရိကန်ဒေါ်လာသန်း ၄၈၀ ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
သင်္ဘောသစ်၏ အလေးချိန်မှာ တန်ချိန် ၃၇၀ဝ ရှိပြီး သင်္ဘောသား ၁၄၁ ဦးလိုက်ပါနိုင်ကာ ပင်လယ်ရေမျက်နှာပြင်ကာကွယ်ရေး၊ လေကြောင်း ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောဖျက်လုပ်ငန်းများ လုပ်ဆောင်နိုင်ကြောင်းသိရသည်။


ဆင်ဟွာ