မနီလာ ၁၈ အောက်တိုဘာ
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး သည် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားခဲ့ပြီး တင်ပါးအနာတရဖြစ်ခဲ့ကာ ပွန်းပဲ့ရာများလည်း ဖြစ်ပွားခဲ့ကြောင်း ၎င်း၏ အကြီးတန်းလက်ထောက်တစ်ဦးက အောက်တိုဘာ ၁၇ ရက်က ပြောကြား ခဲ့သည်။
၎င်း၏ ကျန်းမာရေးအပေါ် အများပြည်သူ၏ ထင်မြင်ယူဆချက် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သော ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် မလက်ကာနန် သမ္မတနန်းတော်ဝင်းထဲတွင် မတော်တဆထိခိုက်ဒဏ်ရာ များကို ရရှိခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဆယ်လ်ဗာဒါပါနယ်လိုက ပြောသည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ကာလရှည် အာရုံကြောကြွက်သား ရောဂါကို ခံစားနေရကြောင်းပြောပြီး ၁၀ ရက်အကြာတွင် ယခုလို ဆိုင်ကယ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သမ္မတက သူ့ဖိနပ်ကို လာရောက်ယူဆောင်စဉ် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း ပါနယ်လိုက ကြေညာချက်တွင် ထုတ်ပြန် ဖော်ပြခဲ့သည်။
သမ္မတဒူတာတေးသည် ဆိုင်ကယ်မတော်တဆဖြစ်သည့်အတွက် တင်ပါး အနာတရဖြစ်မှုကို ပြစ်တင်လိုက်ကြောင်း၊ သို့သော်လည်း ဆေးရုံတင် ရလောက်သည့်အထိ မစိုးရိမ်ရကြောင်း ဒူတာတေး၏ လက်ထောက်ဟောင်း ဘွန်က သတင်းထောက်များကို ပြောကြားလိုက်သည်။
သမ္မတ၏ ဒဏ်ရာမှာ အကြီးစားကုသမှုမလိုအပ်ကြောင်း၊ လုံး၀ စိတ်မပူကြရန်နှင့် ယခုအခါတွင် ဒူတာတေးမှာ သမ္မတနန်းတော်တွင် အနားယူနေကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောကြား လိုက်သည်။ အေအက်ဖ်ပီ


