၁၈ အောက်တိုဘာ
ကုလသမဂ္ဂလူ့အခွင်းရေးကောင်စီဝင်အဖြစ် ဗင်နီဇွဲလားရွေးချယ်ခံရမှုအပေါ် လက်တင်အမေရိကားနိုင်ငံတွေနဲ့ အခွင့်အရေးလှုပ်ရှားရေးအဖွဲ့တွေက ဝေဖန်နေတဲ့ကြားကနေ အခုလို ရွေးချယ်လိုက်တာဖြစ်ပါတယ်။
ဂျနီဗာနိုင်ငံမှာ အခြေစိုက်တဲ့ လူ့အခွင့်ရေးကောင်စီရဲ့ အဓိက လုပ်ငန်းစဉ်ဟာ ကမ္ဘာတစ်ဝန်းက လူ့အခွင့်ရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဖြစ်ပါတယ်။ ကောင်စီဝင် ၄၇ ဦးရှိရာ အဖွဲ့ဝင်အသစ်အဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံကနေ ရွေးချယ်ရတာဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံရဲ့ သက်တမ်းမှာ သုံးနှစ်ဖြစ်ပါတယ်။ လက်တင်အမေရိကန်နိုင်ငံများအတွက် အဖွဲ့ဝင်နေရာ နှစ်နေရာအတွက် ဘရာဇီးနိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို ရွေးချယ်ခံရတာဖြစ်ပါတယ်။ အောက်တိုဘာလဆန်းပိုင်းက ကော့စတာရီကာနိုင်ငံကို လူကြိုက်များခဲ့ပေမယ့် ဗင်နီဇွဲလား သမ္မတ မာဒူရိုက အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးထားရာကနေ လွှတ်ပေးလိုက်တဲ့အတွက် နိုင်ငံပေါင်း ၅၀ ကျော်က ဗင်နီဇွဲလားကို မဲပေးခဲ့ရာကနေ အခုလို ရွေးချယ်ခံရတာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နဲ့ ရုရှားနိုင်ငံတွေကလည်း ဗင်နီးဇွဲလားကို ထောက်ခံမှုပေးခဲ့ပါတယ်။ ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ မဲပေးပွဲမှာ ဗင်နီဇွဲလားနိုင်ငံကို ရွေးချယ်ခဲ့တဲ့အတွက် ဗင်နီဇွဲလားပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုဖြစ်တယ်ပြောပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ရှုတ်ချလိုက်ပါတယ်။
MDN
ကိုးကား - AFP


