၁၉ အောက်တိုဘာ

 

အမေရိကန်နိုင်ငံသူ အမျိုးသမီး အာကာသယာဉ်မှူး နှစ်ဦးတည်း လကမ္ဘာပေါ်မှာ သောကြာနေ့က လမ်းလျှောက်ခဲ့တဲ့ အတွက် သမိုင်းကဗည်းသစ် ရေထိုးခဲ့လို့ ဆိုရမှာဖြစ်ပါတယ်။

 

ခရစ်တီးနား ကော့ချ် နဲ့ ဂျက်ဆီကာ မေးလ် တို့ နှစ်ဦးဟာ လကမ္ဘာပေါ်မှာ ၇ နာရီ ၁၇ မိနစ် လမ်းလျှောက်အပြီး ဂျက်ဆီကာ မေးလ် က အိပ်မက်တစ်ခုရှိလို့ သေသေချာချာ ကြိုးစားရင် ပန်းတိုင်ကို မုချ ရောက်ရှိတယ်ဆိုတာကို အခု လက်တွေ့ ပြလိုက်တာပါလို့ ပြောပါတယ်။

 

ဒီခရီးစဉ်ကို  နှစ်ဆန်းပိုင်းက ပြုလုပ်ဖို့ လျာထားခဲ့ပေမယ့် အာကာသယာဉ်မှူး ဝတ်စုံမရှိခြင်းနဲ့ လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ပြင်ဆင်နေအတွက် အောက်တိုဘာလအထိ ရွေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ နာဆာ အုပ်ချုပ်ရေးမှူး ဂျင် ဘရိုက်ဒန်စတင်း က နာဆာအနေနဲ့  အာကာသဟာ လူတိုင်းအတွက် ဖြစ်တယ်။ ဒီဖြစ်စဉ်က ပြောင်းလဲအတွက် ကဗည်းမော်ကွန်းအသစ်ဖြစ်တယ်။

 

ကျွန်တော့်မှာ ၁၁ နှစ်အရွယ် သမီးတစ်ယောက်ရှိတယ်။ သူ့ကို အခွင့်အရေး  အားလုံးရစေချင်တယ်လို့ ပြောပါတယ်။ အာကာသထဲမှာ ကော်ချ် နဲ့ မေးလ် တို့ လမ်းလျှောက်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်ရိုက် ဗီဒီယို ဖုန်းခေါ်ပြီး ခင်ဗျားတို့ သတ္တိရှိတဲ့ အမျိုးသမီးတွေ ဖြစ်တယ်။ အမေရိကန်နိုင်ငံကို ကိုယ်စားပြုသူတွေဖြစ်တယ်။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်အပေါ် ဂုဏ်ယူပါတယ်လို့ ပြောဆိုထားပါတယ်။

 

MDN

ကိုးကား - AFP