သုံးခွ ၁၉ အောက်တိုဘာ
ရန်ကုန်တိုင်း ဒေသကြီးသုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာအုပ်စု၊ သရေတန်းကျေးရွာတွင် အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က အမည်မသိ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးရာ သရေတန်းကျေးရွာ၊ မြောက်ဘက်(ကပ်လျက်)မှော်ဝန်းချောင်း၊ အကျယ်ပေ ၅၀ အနက် ၅ ပေခန့်ရှိချောင်းအတွင်း ချုံတွင်ငြိကာ မှောက်လျက် အမည်မသိ အမျိုးသမီး အလောင်းတစ်အလောင်း တွေ့ရှိသဖြင့် ဆယ်ယူစစ်ဆေးခဲ့သည်၊
၎င်းမှာ အမည်မသိအမျိုးသမီးကို နေရပ်လိပ်စာ စုံစမ်းဆဲဖြစ်ကြောင်း သိရှိရပြီး အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သည့်လက္ခဏာဖြင့် ရေနစ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် သုံးခွမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော် (သုံးခွ)


