နေပြည်တော် ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့၌ ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်၍ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့၊ ဝမ်ကုန်ရပ်ကွက်နေ ဦးလော်ကားဖူး (ခ) ဖူဆီဟဲ (၄၅)နှစ်သည် နေအိမ်၌ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီက ဖယောင်းတိုင်မီးထွန်းကာ အပြင်သို့သွားစဉ် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/မြေစိုက် အိမ်တစ်လုံးဆုံးရှုံးခဲ့ပြီး ည ၉ နာရီတွင် မီးငြိမ်းခဲ့ကြောင်း၊ နေအိမ်တွင် အိပ်နေသော ၎င်း၏ သားများဖြစ်သည့် မောင်ကျော်စိန်ဝင်း (၆)နှစ်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မောင်အောင်ဌေးဝင်း (၉)နှစ်တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဦးလော်ကားဖူး (ခ) ဖူဆီဟဲအား လွိုင်ဆောင်ထောက် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးထားကြောင်း သတင်းရရှိသည်။
MDN


