mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်က မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အမှတ်(၅၃)တွင် ဆီဘောက်ဆာမှ ဆီတင်ယာဉ်ပေါ်ရှိ ပေပါများအတွင်းသို့ ဆီထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကချင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ် ရေသယ်ယာဉ်(၃)စီး၊ Foam အမြှုပ်ဆေးရည်တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- Myanmar Fire Services Department

 

mdn

 

mdn