နေပြည်တော် ၂၀ အောက်တိုဘာ
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ တရုပ်တန်းကျေးရွာနေ ဇော်လင်းနိုင်၏ နေအိမ်ကို ရှာဖွေရာ ဘိန်းစာမှုန့် ၇၀ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြိတ်မြို့၊ မြို့သစ်(၄)ရပ်ကွက်၊ ရတနာသီရိလမ်းနေ ဝင်းဇော်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀ဝ ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီက မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ နောင်ဟွမ်ကျေးရွာနေ မနန်းကျာရှဲန်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၄၃၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


