နေပြည်တော် ၂၁ အောက်တိုဘာ
မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီခွဲက ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၆/၃)အနီးရှိ တောအတွင်းရပ်တန့်ထားသည့် IPSUM အမျိုးအစားမော်တော်ယာဉ်ကိုတွေ့ရှိ၍ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ဝ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ တစ်ချိန်တည်းမှာပင် မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ဟိုတယ်၊ အခန်းအမှတ်(၂၀၉)သို့ဝင်ရောက်ရှာဖွေရာ မျိုးပြည့်လျှန်ထွဏ်း၊ ပြည့်စုံဖြိုး၊ ဇွဲပြည့်စုံ၊ ဟိန်းကိုဇင် တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၆၇ ပြား၊ လက်ကိုင်ဖုန်းလေးလုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


