၂၂ အောက်တိုဘာ

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဉီးနှင့် ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးတို့သည် ဝါရှင်တန်တွင် တွေ့ဆုံခဲ့ကြသည်။

 

နှစ်နိုင်ငံ အစိုးရအရာရှိများကြား အပြန်အလှန် လည်ပတ်ခြင်းကို ခွင့်ပြုအားပေးသော ထိုင်ဝမ်ခရီးသွား အက်ဉပဒေကို အမေရိကန် အနေနှင့် ပြီးခဲ့သည့်နှစ်က အတည်ပြုပေးခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ အနေနှင့် အဆိုပါဉပဒေသည် ပေကျင်း၏ “One China” ကိုယ်ပိုင်မူကို ချိုးဖောက်နေသည်ဟု ဝေဖန်ခဲ့သည်။

 

ယမန်နေ့က ပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်ကို အားပေးကူညီသည့်အတွက် အမေရိကန် အစိုးရနှင့် ဉပဒေပြု လွှတ်တော်တို့ကို ကျေးဇူးတင်ရှိကြောင်း အန်အိတ်ချ်ကေ သတင်းဌာနနှင့် အခြားသော မီဒီယာများကို ဖြေကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံမှုတွင် ဟောင်ကောင်၏ လက်ရှိ အခြေအနေ၊ လာမည့်နှစ်တွင် ကျင်းပမည့် ထိုင်ဝမ် ရွေးကောက်ပွဲအကြောင်း၊ ထိုင်ဝမ်နှင့် သံတမန်နည်းအရ ဆက်သွယ်နေသော နိုင်ငံများနှင့် ဆက်ဆံရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် ကာကွယ်ရေးဌာနှင့် အိမ်ဖြူတော် အကြောင်းတို့နှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု ထိုင်ဝမ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ သည်။

 

တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်နေချိန်တွင် ထိုင်ဝမ်နှင့် အလွတ်သဘော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အန်အိတ်ချ်ကေ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်