၂၂ အောက်တိုဘာ

 

 

နှစ် ၈,၀၀၀ သက်တမ်းရှိ ကမ္ဘာ့သက်တမ်း အကြာဆုံးပုလဲကို အဘူဒါဘီမှာ ပြသမှာဖြစ်ပါတယ်။  ဒီပုလဲဟာ နီယိုလစ်သစ်ခေတ် တနည်းပြောရရင် ကျောက်ခေတ်ရဲ့ နောက်ဆုံး အချိန်အခါက ကုန်သွယ်ရေးမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက တနင်္ဂနွေနေ့က ပြောကြားပါတယ်။

 

 

ဒီသဘာဝပုလဲကို မာရာဝါကျွန်းမှာ တူးဖော်ရေးလုပ်စဉ် အခန်းတစ်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကနေတဆင့် ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီကို သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ “အဘူဒါဘီပုလဲ” လို့ အမည်ပေးထားပြီး အဲဒီပုလဲကို  အဘူဒါဘီ လုဗ်ပြတိုက်မှာ သက်တမ်းတစ်သောင်းရှိ ကြွယ်ဝပစ္စည်း ပြခန်းမှာ အောက်တိုဘာလ ၃၀ ရက်မှာ စတင်ပြသမှာ ဖြစ်ပါတယ်။

 

 

ပုလဲဟာ ခရစ်နှစ်မတိုင်မီ ၅,၈၀၀ နဲ့ ၅,၆၀၀ ကြားမှာ ပေါ်ခဲ့ကြောင်း အဲဒီအချိန်မှာ ကျောက်မျက်ရတနာ အနေနဲ့ ဝတ်ဆင်ခဲ့သလို မက်ဆီပိုတေးမီးယား (ရှေးဟောင်းအီရတ်) နဲ့ မြေအိုးနဲ့ တခြားကုန်ပစ္စည်းများ လဲလှယ်ကုန်သွယ်ရေးမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

 

မာရဝါကျွန်းမှာ တူးဖော်ရေး လုပ်ဆောင်စဉ် ကျောက်ရုပ်တုများ၊ အခွံများ၊ ကျောက်တုံးများနဲ့ ထုဆစ်ထားတဲ့ ပုတီးလုံး၊ မျှားခေါင်းများနဲ့ ရွံနဲ့ ပြုလုပ်ထားတဲ့ အသုံးဆောင်များပါ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

 

တချိန်က ယူအေအီးနိုင်ငံရဲ့ စီးပွားရေးဟာ ပုလဲထုတ်လုပ်ရေးဖြစ်ခဲ့ပြီး ဂျပန်ရဲ့ ခေတ်ရှေ့ပြေးတဲ့ ပုလဲထုတ်လုပ်ရေးကြောင့်  အဲဒီလုပ်ငန်းက ၁၉၃၀ ခုနှစ်များ  ပြိုပျက်သွားခဲ့ပါတယ်။ အဲဒီကနေ ဒီကနေ့ခေတ်မှာတော့ ပင်လယ်ကွေ့ ဒေသနိုင်ငံတွေမှာ ရေနံလုပ်ငန်းက အဓိက စီးပွားရေး ဖြစ်လာခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP

 

1