၂၂ အောက်တိုဘာ
ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးရဲ့ လစ်ဘရယ် ပါတီဟာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် အစိုးရအဖွဲ့ထဲမှာတော့ အင်အားနည်းပါးသွားမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးရဲ့ မဲဆန္ဒနယ် ၃၃၈ ခုမှာ ထရူးဒိုးရဲ့ လစ်ဘရယ်ပါတီက ၁၅၆ နေရာရရှိပြီး၊ အဓိက ပြိုင်ဘက် အန်ဒရူး ရှီးယားရဲ့ ကွန်ဆာဗေးတစ်ပါတီက ၁၂၂ နေရာ ရရှိကြောင်း အင်္ဂါနေ့ မနက် နှစ်နာရီမှာ ရရှိတဲ့ သတင်းအရ သိရပါတယ်။
ထရူးဒိုးရဲ့ လစ်ဘရယ်ပါတီဟာ ၁၅၆ နေရာသာ ရရှိသဖြင့် အစိုးရအဖွဲ့မှာ အင်အားတောင့်တင်းဖို့အတွက် မဲဆန္ဒနယ် ၁၄ နေရာ လျော့နည်းတာကို တွေ့ရပါတယ်။ အခုအခြေအနေဟာ ထရူးဒိုးအတွက် ဒုတိယသက်တမ်းမှာ စိန်ခေါ်မှုတွေ တွေ့လာရမှာ ဖြစ်ပါတယ်။
ထရူးဒိုးဟာ ပါတီငယ် တစ်ခု သို့မဟုတ် ပါတီငယ်လေးတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အစိုးရအဖွဲ့ကို အင်္ဂါနေ့ကို အစောဆုံးထား ဖွဲ့စည်းဖို့ရှိနေပါတယ်။ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ ထရူးဒိုးက သူ့အစိုးရဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်များကို လွှတ်တော်မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
နယူးဒီမိုကရက်တစ်ပါတီ(NDP) ပါတီဟာ မဲဆန္ဒနယ် ၂၄ မှာ အနိုင်ရခဲ့တဲ့အတွက် ပါတီခေါင်းဆောင် ဂျမက် ဆင်း ဟာ အစိုးရတစ်ရပ်အတွက် အရေးကြီးတဲ့နေရာမှာ ရှိလာနိုင်တယ်လို့ ပြောဆိုနေပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူရဲ့ ၆၅ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း သိရပါတယ်။
အသက် ၄၇ နှစ်အရွယ် ကျောင်းဆရာဟောင်း ဂျက်စတင် ထရူးဒိုးရဲ့ ပထမသက်တမ်းမှာ လူကြိုက်များခဲ့ပေမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ရက်လေးဆယ် မဲဆွယ်ပွဲ အတွင်းမှာတော့ သူဟာ ကနေဒါသမိုင်းမှာ ရွံစရာအကောင်းဆုံး၊ ညစ်ပတ်ဆုံး အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။
MDN
ကိုးကား - AFP


