နေပြည်တော် ၂၂ အောက်တိုဘာ
အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၃ စီးအား အောက်တိုဘာ ၂၀ ရက်ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၀ ရက် ည ၆ နာရီမှ အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီထိ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်လျက်ရှိသော ယာဉ်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြပ်မတ်ဆောင်ရွက်နေ ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ်၊ အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၄ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး စုစုပေါင်း ၂၃ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN


