နေပြည်တော် ၂၂ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သဲကောကျေးရွာနေ ဦးခိုင်ဇော်လင်း (၃၇)နှစ်၊ ဇနီး ဒေါ်သန္တာ(၃၃)နှစ်နှင့် သမီး မရွှန်းရွှန်းလဲ့ ()နှစ်တို့သည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ နာရီခွဲတွင် စာသင်ကျောင်းမှနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရွာလယ်လမ်းအရောက်၌ မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဒေါ်သန္တာတွင် ရင်ဘတ်ညိုမဲ၊ ကျောပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး  ဦးခိုင်ဇော်လင်းနှင့် မရွှန်းရွှန်းလဲ့တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သစ်လှကျင်းကျေးရွာနေ ဒေါ်ဖြူညွန့်(၄၃)နှစ်သည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ နာရီတွင် တောင်ယာမှနေအိမ်သို့ နွားလှည်းဖြင့်ပြန်လာစဉ် ကျေးရွာအနီး ရေကန်ဘောင်အရောက်၌ မိုးကြိုးပစ်ခတ်မှုကြောင့် နွားထီး ကောင်နှင့် ဒေါ်ဖြူညွန့်တွင် ရင်ဘတ်၊ ကျောညိုမဲဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN