နေပြည်တော် ၂၃ အောက်တိုဘာ

 

ယနေ့နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၀၂/၁)တွင် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော FLAT SCUDO (DELIVERY VAN) အဖြူရောင်ယာဉ်သည် အင်ဂျင်ခန်းအတွင်း ဝါယာများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

၁

 

အဆိုပါ မီးလောင်မှုအား သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ သီးကုန်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၁)စီး၊ သီးကုန်း အမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

 

MDN

ဓာတ်ပုံ- Myanmar Fire Services Department