နေပြည်တော် ၂၄ အောက်တိုဘာ
နေပြည်တော်- ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၁/၇)နှင့် (၇၂/ဝ) အကြားတွင် ယနေ့ နံနက် ၈ နာရီခန့်က Light truck အဖြူရောင်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်း ကာထားသည့် ဘယ်ရီယာတုံးများအား ဝင်ရောက်တိုက်မိကာ ယာဉ်ထက်ပိုင်း ကျိုးတိမ်းမှောက်၍ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၇) ဦး၊ စုစုပေါင်း(၁၄) ဦးအနက် အမျိုးသား (၅)ဦး(ဒဏ်ရာရ)၊ အမျိုးသမီး (၇) ဦး(ဒဏ်ရာရ)၊ ယာဉ်မောင်း (သေဆုံး )ခဲ့သဖြင့် အုတ်ရှစ်ကုန်း အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
MDN


