၂၄ အောက်တိုဘာ
ရုရှားနှင့် တူရကီ သဘောတူညီချက် ရယူပြီးနောက် နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို ဖယ်ရှားရန် ဆီးရီးယားမြောက်ပိုင်းတွင် ရုရှားတပ်ဖွဲ့ဝင်များကို စတင်တပ်ဖြန့်ထားခဲ့သည်။
ဒေသတွင်း မီဒီယာများက အဆိုပါ တပ်ဖွဲ့ဝင်များသည် ယမန်နေ့က ဆီးရီးယားနယ်စပ်မြို့ဖြစ်သည့် အိုင်-အယ်လ်-အာရပ်သို့ ရောက်ရှိခဲ့သည်ဟု ပြောဆိုထားသည်။
ရုရှားသမ္မတနှင့် တူရကီသမ္မတတို့ တွေ့ဆုံပြီးနောက်တွင် ကာ့ဒ်တပ်ဖွဲ့ဝင်များကို ဖယ်ရှားပြီး နှစ်နိုင်ငံ နယ်စပ်မြို့များကြား ၁၂၀ ကီလိုမီတာ အကျယ်အဝန်းကို တူရကီအား ဆက်လက်ထိန်းချုပ်စေရန် သဘောတူညီခဲ့ကြသည်။ ကာ့ဒ်ခေါင်းဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်များက ၎င်းတို့ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး မက်ဇိုလမ် အက်ဘဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တယ်လီဖုန်းဖြင့် အဆက်အသွယ် ရှိခဲ့ကြောင်းနှင့် ထရန့်က ၎င်းတို့အား ကူညီထောက်ပံ့ရန် ကတိပေးခဲ့ကြောင်းစသည့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ကာ့ဒ်တပ်ဖွဲ့များက အမေရိကန်မှ ဆီးရီးယား မြောက်ပိုင်းတွင် တပ်ဖြန့်ထားသော ၎င်း၏ တပ်များကို ရုပ်သိမ်းသွားသည့်အတွက် ကနဉီးတွင် ဝေဖန်ထားသည်။ တူရကီနှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုများ ရရှိပြီးနောက်တွင် ၎င်းတို့အနေနှင့် အမေရိကန်၏ ကူညီထောက်ပံ့မှုများ ထပ်မံရရှိရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
တူရကီသည် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ စစ်ဆင်ရေး ရပ်နားလျက်ရှိသည်ဟု အမေရိကန်သို့ အကြောင်းကြားခဲ့ကြောင်း သမ္မတထရန့်က ယမန်နေ့က ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


