၂၄ အောက်တိုဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တူရကီပေါ်မှာ ထားရှိတဲ့ ပိတ်ဆို့မှုကို မနေ့က ရုတ်သိမ်းခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းရှိ ကတ်တွေ ထိန်းချုပ်ထားတဲ့ နေရာကို တူရကီတပ်တွေ က အောက်တိုဘာ ၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

1

 

ဆီးယားမြောက်ပိုင်းကနေ တူရကီတပ်တွေဆုတ်ခွာသွားတဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းတာဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောကြားသွားတာဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေက တူရီတပ်တွေနဲ့ သဘောတူညီမှုရရှိပြီးနောက် ဆီးရီးယားနယ်စပ်မှာ အပြစ်ခတ်ရပ်ဆဲရေး ဖြစ်ပြီးမှသာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အိုင်အက်စ်တွေကို တိုက်ခိုက်ဖို့အတွက် အမေရိကန်တပ်တွေနဲ့ လက်တွဲတိုက်ခိုက်ခဲ့တဲ့ အတွက် ဆီးရီးယားကတ်လူမျိုး ထောင်ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အိုင်အက်စ်တွေကို အတူတိုက်ထုတ်ခဲ့တဲ့ ကတ်တွေကို တူရကီပစ်မှတ်ဖြစ်လာအောင် ပစ်ထားခဲ့သလိုမျိုး အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့တဲ့အတွက် သမ္မတဒေါ်နယ်ထရန့် ကို ဒီမိုကရက်ပါတီရော၊ ရီပတ်ပလစ်ကန်ပါတီကပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP