ချောက်   ၂၅    အောက်တိုဘာ  

 

ချောက်မြို့နယ် သွေးနက်အုပ်စုပြည်ပင်ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က မီးဖိုဆောင်ပေါ့ဆမီးမှ အိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့က မီးငြှိမ်းသတ်ယာဉ် လေး စီး၊ ရေသယ်ယာဉ် တစ်စီးတို့နှင့် ပူးပေါင်းငြိှမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၇ မိနစ်အချိန်တွင် ငြိှမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် အိမ်ရှင်ဦးလှတိုး၏ မီးဖိုဆောင်အတွင်း မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်အကာထရံအား ကူးစက်ကာလောင်ကျွမ်းခဲ့ပြီး (၂၁×၁၄×၈)ပေရှိ သွပ်မိုးထရံကာ ဝါးကြမ်းခင်း(၂)ထပ်နေအိမ်သို့ ကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

ယင်းဖြစ်ပွားမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ ‌သေဆုံးမှုမရှိ‌ကြောင်း အိမ်ရှင်ဦးလှတိုးအား ချောက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)