နေပြည်တော် ၂၆ အောက်တိုဘာ
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တို ဘာ ၂၅ ရက် ညနေ ၃ နာရီခွဲက တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အိမ်အမှတ်(၄/၃၄)တွင် ငှားရမ်း နေထိုင်သည့် ထိုင်းနိုင်ငံသား Mr.Smokiat Panyabun နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် အတူ ထိုင်းနိုင်ငံသား Mr.Tanakrit Khonsongsaen ကိုတွေ့ရှိရပြီး အိုက်စ် ၁၅ ဂရမ်၊ ကတ်တမင်း ၂၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ ၊ ဧည့်ခန်းနှင့်ကပ်လျက်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေး ပြား ၃၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်း၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်စန်းစန်းမြ၏နေအိမ်ကို ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၈၀ဝ နှင့်လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့နံနက် ၁၁ နာရီခွဲက ဘန်းယဉ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဖက်နံ-နားစေးစောက်ကျေးရွာသွားကားလမ်းတွင် တဝင်း မောင်းနှင်ပြီး မောင်လေး လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


