ကသာ ၂၇ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် အလယ်ကျွန်းကျေးရွာအနီးရှိ ရေကန်အတွင်း၌ ကလေးငယ် ၂ ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ကသာမြို့နယ် ပျဉ်ထောင်လေး နယ်မြေရဲကင်းစခန်းမှူးဒုရဲအုပ်စိုးလွင် ဦးစီးသောအဖွဲ့သည် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှု စစ်ဆေးရာ ကသာမြို့နယ်၊အလယ်ကျွန်းကျေးရွာအနီး တစ်သျူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းခွင်တွင် အသုံးပြုရန်တူးထားသော ရေကန်အတွင်းသို့ အလုပ်သမားကသာမြို့နယ်၊ ငါးတဲလေးကျေးရွာနေ ဦးကျော်တင့်၏သား မောင်ရီဝေထွန်း နှင့် ဦးမိုးဝင်း၏သား မောင်ဟိန်းသူဝင်းတို့နှစ်ဦးသည် ရေကန်အတွင်း ရေနစ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့သေဆုံးခြင်းသည် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးသိရှိနိုင်ရန် ကသာမြို့နယ်၊ အင်းရွာနယ်မြေရဲကင်းစခန်းမှ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)