မြိတ်  ၂၇   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ ငွေပုလဲရပ်ကွက် စက်မှုဇုံ (G)လမ်းရှိ ဦးဗိုလ်ကျော် ပိုင်ဆိုင်သော အလျား(၈)ပေ အနံ (၁၅)ပေ ဓနိမိုး ထရံကာ ပျဉ်ခင်းတစ်ထပ် လူနေတဲအိမ်သည် ယနေ့ နံနက် ၃ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

၁

 

မီးလောင်မှုအား ပြည်သူတစ်ဦးမှ ဖုန်းဆက်သတင်းပေးသဖြင့် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်စခန်း များမှ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ လူနာတင်ယာဉ်၊ အုပ်ချုပ်မှု ယာဉ်စုစုပေါင်း(၁၅)စီးဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြရာ ရပ်ကွက်နေ ပြည်သူများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်ခဲ့ကြသဖြင့် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် တစ်ထပ် လူနေတဲအိမ် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။

 

မီးလောင်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )