၂၈ အောက်တိုဘာ

 

 

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း ကူဒီနာမာကာ ဒေသရှိ ကျေးလက်ဒေသ တစ်ခုတွင် သမ္မတ စီးနင်းသော လေယာဉ်စု၏ ပါဝင်သော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် လေယာဉ်အမှုထမ်း ခြောက်ဉီး လုံး သေဆုံးခဲ့ကြောင်း ကိုလံဘီယာလေတပ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုလံဘီယာလေတပ် ၀၀၀၆ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ယင်းရဟတ်ယာဉ် အမှုထမ်း ခြောက်ဦး သေဆုံးခဲ့သည့်အတွက် အလွန်အမင်း ဝမ်းနည်းကြောင်း ထိုကြေညာချက်တွင် ကိုလံဘီယာလေတပ်အဖွဲ့က ပြောကြားထားသည်။

 

 

အဆိုပါ ရဟတ်ယာဉ်မှာ သောကြာနေ့က ပျက်ကျခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များက ၎င်းပျက်ကျရာ နေရာနှင့် သေဆုံးသူများကို ယမန်နေ့ အစောပိုင်းအထိတိုင်အောင် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

 

 

Bell 412 ရဟတ်ယာဉ်သည် ရာသီဉတု ဆိုးရွားမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

 

 

ကိုလံဘီယာသမ္မတ အိုင်ဗင် ဒူကူ က သေဆုံးသူများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 

 

ယင်းရဟတ်ယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သူများသည် ပြီးခဲ့သည့် ၁၄ လကာလအတွင်း ၎င်းနှင့်အတူ အလုပ် လုပ်ခဲ့ကြသူများ ဖြစ်သည့်အတွက် အလွန်အမင်း စိတ်ထိခိုက်မိသည်ဟု သမ္မတ က ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို