၂၈ အောက်တိုဘာ

 

 

ဘယ်လ်ဂျီယံဘုရင် ဖိလစ်သည် ဒီဇင်ဘာလတွင် ဉရောပကောင်စီ ဉက္ကဋ္ဌဖြစ်လာမည့် ချာလပ်စ် မီရှယ်လ် နေရာတွင် အစားထိုး ခန့်အပ်ရန် ဘဏ္ဍာရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု ဝန်ကြီး ဆိုဖီ ဝီလမ်အား ယာယီဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်ခဲ့သည်။

 

 

အသက် ၄၄ နှစ်အရွယ် ဝီလမ်ကို ယာယီဝန်ကြီးချုပ် အသစ်အဖြစ် စနေနေ့က ရွေးချယ်ခံခဲ့ရပြီး ဘုရင်နှင့် တနင်္ဂနွေနေ့တွင် ဘုရင်နှင့် တွေ့ဆုံခဲ့သည်။

 

 

ဘယ်လ်ဂျီယံ ဘုရင်သည် ဘရပ်ဆဲလ်မြို့ တော်ဝင်နန်းတော်တွင် ဆိုဖီဝီလမ်ကို သီးသန့်လက်ခံ တွေ့ဆုံခဲ့သည်။

 

 

ဝီလမ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရကြောင်းကို တွစ်တာပေါ်တွင် ဘယ်လ်ဂျီယံ တော်ဝင်နန်းတော်က ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

 

 

ဘယ်လ်ဂျီယံ နိုင်ငံ၏ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဆိုဖီဝီလမ် ဖြစ်လာခြင်းသည် ဘယ်လ်ဂျီယံနိုင်ငံ အနေဖြင့် မကြုံစဖူး ခန့်အပ်ခံရခြင်းပင် ဖြစ်သည်။

 

 

လုပ်ဖော်ကိုင်ဖက်များ၏ ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံ၏ လက်ရှိအခြေအနေ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုဖီဝီလမ်က သူ၏တွစ်တာတွင် ရေးသားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို