၂၈ အောက်တိုဘာ

 

 

လုံခြုံရေး တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဖာရတ်ပ်ပြည်နယ် ပါ့တွန်ကော့ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာနစ်ဖ် ရီဇီ က ယနေ့ပြောကြားခဲ့သည်။

 

 

Chaqmaq ဒေသရှိ တာလီဘန် သောင်းကျန်းသူများကို ယမန်နေ့ ညနှောင်းပိုင်းက စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် သောင်းကျန်းသူ ခြောက်ဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ပါ့တွန်ကော့နှင့် ၎င်းပတ်ဝန်းကျင် နယ်မြေရှိ  ယင်းစစ်သွေးကြွများကို လုံခြုံရေး တပ်ဖွဲ့များက ဆက်လက်မောင်းထုတ်သွားမည် ဖြစ်ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ကဘူးလ်မြို့၏ အနောက်မြောက်ဘက် ၄၂၅ ကီလိုမီတာအကွာ မိုင်မာနာနှင့် ဖာရတ်ပ်ပြည်နယ်တို့တွင် စစ်ဆင်ရေး လုပ်ဆောင်နေသော တာလီဘန် စစ်သွေးကြွများကမူ ထိုထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို