ဘေရွက် ၂၉ အောက်တိုဘာ
လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးစနစ်ကွဲပြားမှုများကို ပြင်ဆင်ရန်နှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန် ပြည်သူတို့၏ တောင်းဆိုမှုများကို အလေးထားလာစေရေး ဆန္ဒပြသူများသည် အောက်တိုဘာ ၂၈ ရက်က လမ်းမထက်တွင် အတားအဆီးများ ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
လက်ဘနွန်းခေါင်းဆောင်များ၏ မေတ္တာရပ်ခံချက်ကို ဆန့်ကျင်ကာ ဆန္ဒပြသူများသည် တောင်-မြောက် အဝေးပြေးကားလမ်းမကြီးအပါအဝင် အဓိကလမ်းများကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။ ယာဉ်ပိုင်ရှင်များက ကားများဖြင့် လမ်းမများကိုပိတ်ရန် နှိုးဆောင်မှုများကို အောက်တိုဘာ ၂၇ ရက်က လူမှုကွန်ရက် မီဒီယာပေါ်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အဓိကလမ်းမအချို့မှာ မော်တော်ယာဉ်များဖြင့် ပိတ်ဆို့ခံထားရပြီး အခြားတစ်ဖက်တွင်မူ ဆန္ဒပြသူများက လမ်းမပေါ်ပိတ်ထိုင်ကာ လမ်းပိတ်ခဲ့ကြသည်။ ၁၁ ရက်ကြာ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် တိုင်းပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မဖြစ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လမ်းများကို ပြန်ဖွင့်ပေးရေး ကြိုပမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ဘက်ဘနွန်တပ်ဖွဲ့မှ ဦးဆောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအေဂျင်စီများ၊ ပူးပေါင်းကာ သီတင်းပတ်အကုန်တွင် လမ်းများပြန်ဖွင့်နိုင်ရေး ပြုလုပ်သွားမည်ဟု လက်ဘနွန်းတပ်ဖွဲ့က ပြောသည်။
ဆန္ဒပြသူများက ပိုမိုလွတ်လပ်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုစနစ်နှင့် အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံရေးအရ ဂိုဏ်ကဏကွဲပြားမှုတို့ အဆုံးသတ်နိုင်စေရေးတို့အတွက် ဆန္ဒပြတောင်းဆိုနေကြခြင်း ဖြစ်သည်။
အေအက်ဖ်ပီ


