၂၉ အောက်တိုဘာ
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့တော်ရှိ သတင်းစာတိုက် တစ်ခုတွင် ဝန်ထမ်း ငါးဦး ပစ်ခတ်ခဲ့မှုတွင် အပြစ်ရှိကြောင်း အမေရိကန်နိုင်ငံသား တစ်ဦးက ယမန်နေ့က ဝန်ခံပြောကြားခဲ့သည်။
အသက် ၃၉ နှစ်အရွယ် ဂျာရော့ဒ် ရာမို့စ် သည် ထိုပစ်ခတ်မှု ကျူးလွန်ခဲ့ကြောင်း အန်နာပိုလစ်မြို့ တရားရုံးတစ်ခုရှိ တရားသူကြီးတစ်ဦးထံတွင် ဝန်ခံခဲ့သည်။
ရာမို့စ်သည် မိမိဆန္ဒအလျောက် အပြစ်ဝန်ခံသဖြင့် ၎င်း၏အပြစ်ရှိမှု သို့မဟုတ် အပြစ်ကင်းစင်မှုကို တရားစီရင် ဆုံးဖြတ်ရာတွင် သက်ညှာခွင့်ပေးရန် ဆုံးဖြတ်ထားသည်ဟု ရာမို့စ်၏ အသနားခံစာကို ယမန်နေ့ မွန်းလွဲပိုင်းက လက်ခံခဲ့သော တရားသူကြီး လော်ရာရီကင်က ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ဇွန်လက Capital Gazette သတင်းခန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သတင်းသမား လေးဦးနှင့် အရောင်းစာရေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကာလရှည်ကြာဖြစ်လာသော ဒေါသကြောင့် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် အမေရိကန် သမိုင်းတွင် သတင်းသမားများ သေဆုံးမှု အများဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


