၂၉ အောက်တိုဘာ
IS အဖွဲ့ခေါင်းဆောင် အဘူလာ ဘာကာ အယ်လ်ဘက်ဂါဒီ ရဲ့ အလာင်းကို ပင်လယ်ထဲမှာ မြှုပ်နှံလိုက်ကြောင်း၊ ရုံးပိတ်ရက် အတွင်းမှာ အမေရိကန် အထူးစစ်တပ်ရဲ့ တိုက်ခိုက်မှု အတွင်းမှာ ဘက်ဂါဒီ သေဆုံးကြောင်း အမေရိကန် စစ်အရာရှိတွေက ပြောပါတယ်။
အီရတ်နဲ့ ဆီးရီးယား နယ်မြေတဝိုက်မှာ ငါးနှစ် နီးပါး နေထိုင်ခဲ့တဲ့ ဘက်ဂါဒီရဲ့ နေထိုင်ရာကို ဆီးရီးယားကတ်တွေရဲ့ သတင်းပေးမှုကြောင့်လို့ သိရပါတယ်။
စစ်ဆင်ရေး အတွင်းမှာ လှိုဏ်ခေါင်းထဲကို ဘက်ဂါဒီ ဝင်ပြေးစဉ် အမေရိကန်စစ်ခွေး တစ်ကောင်က နောက်ကလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေမယ့် အင်္ကျီဝတ်ဆင်ထားတဲ့ ဘက်ဂါဒီက ဖောက်ခွဲပြီး သက်သေခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။
ဘက်ဂါဒီနဲ့အတူ ကလေး သုံးဦးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေး အတွင်းမှာ အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ခဲ့နိုင်ကြောင်း ပင်တာဂွန်က သတင်းစာ ရှင်းလင်းပွဲမှာ စစ်ဆင်ရေးကို ဦးဆောင်သူ ကပြောပါတယ်။
၂၀၁၁ ခုနှစ်က အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ အလောင်းကိုလည်း ပင်လယ်ထဲမှာ မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


