ရွှေဘို ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၇ နာရီ ၁၅ မိနစ်က ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ကုန်ပစ္စည်း သိုလှောင်သောဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနနမှ သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့တွင် အောက်တိုဘာ ၃၀ ရက် ည၇ နာရီ ၁၅ မိနစ်က ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ဦးစည်သူ၏ ဂိုထောင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်နှစ် စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဉီးရေ ၄၀ ၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ ကြက်ခြေနီ ၁၅ ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ပြည်သူ ၂၀၀ တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၅၉ မိနစ်တွင် မီးထိန်းနိုင်ပြီး၊ ည ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂိုထောင်တာဝန်ခံ ဦးစည်သူကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)


