နေပြည်တော် ၁ နိုဝင်ဘာ

SEPCO ကုမ္ပဏီမှ အထွေထွေလုပ်သားဖြစ်သူ တရုတ်နိုင်ငံသား Mr. Du Wen Ping (၄၆)နှစ်သည် အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရီခွဲခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လမ်းစဉ်ကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာရှိ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း သွယ်တန်းရန် ဆောက်လုပ်ထားသည့် အမြင့်ပေ ၁၀ဝ ခန့် လျှပ်စစ်တာဝါတိုင်ပေါ်၌ လျှပ်စစ်ကြိုးများအား စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် အောက်သို့ ပြုတ်ကျပြီး ဒဏ်ရာများရရှိ၍ နေပြည်တော် ခုတင်(၁၀ဝ၀)ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် လယ်ဝေးမြို့မ ရဲစခန်း၌ သေမှုသေခင်း ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)