နေပြည်တော် ၂ နိုဝင်ဘာ
နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၁/၄)နှင့် (၃၃၁/၅)အကြားတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ် တွင် Honda Fit အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးခြံစည်းရိုးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း မြန်မာနိုင်ငံမီးသတ်ဉီးစီးဌာနမှ သိရသည်။
MDN
Credit-Myanmar Fire Service


