၄ နိုဝင်ဘာ

 

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ ရှူယီရဲတိုက် ပြန်လည်တည်ဆောက်မှုကို ကူညီရန် အမေရိကန်နိုင်ငံတွင် အလှူငွေများကောက်ခံခဲ့သည်။

 

ထိုရဲတိုက်သည် ပြီးခဲ့သည့်သီတင်းပတ်က မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

အိုကီနာဝါမှ ရွှေ့ပြောင်းလာသူများနှင့် ၎င်းတို့မိသားစုဝင်များ အပါအဝင် အိုကီနာဝါနှင့် ဆက်စပ်သူ ၂၀၀ ဦးခန့် ပါဝင်ကာ မြောက်ကယ်ရိုလိုင်းနားတွင် ယမန်နေ့က ရန်ပုံငွေပွဲတစ်ခု ကျင်းပခဲ့ကြသည်။

 

မီးလောင်ကျွမ်းမှုကြောင့်  ရှူယီရဲတိုက် ပျက်စီးခဲ့သဖြင့်  အိုကီနာဝါသားများ စိတ်ချောက်ချားခဲ့သည်ဟု  အိုကီနာဝါစီရင်စုအစိုးရ ဝါရှင်တန် ဒီစီ ရုံးချုပ်အကြီးအကဲ အိုဆာမူ အန်တန် က ပြောကြားခဲ့ပြီး ၎င်းတို့ အနေဖြင့် ပူဆွေးမှုကိုကျော်လွှားပြီး လှပသောရဲတိုက်အဖြစ် ပြန်လည်တည်ဆောက်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

ထိုပွဲတွင် ပါဝင်သူများသည် အိုကီနာဝါ အစားအစာနှင့် ကခုန်မှုတို့ကို ကြည့်ရှုခံစားခဲ့ကြပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ရှူယီရဲတိုက်ပုံပါသည့် တီရှပ်များကိုလည်း ရောင်းချခဲ့သည်။

 

ထိုရဲတိုက် မီးလောင်မှုကြောင့် မျက်ရည်များ ကျခဲ့ရကြောင်း  အိုကီနာဝါမှ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါ ရဲတိုက်ကို မကြာမီ ပြန်လည်တည်ဆောက်ဟု မျှော်လင့်ကြောင်း၊ ထိုရဲတိုက်ကို သူမ၏ကလေးများနှင့်မြေးများ တွေ့မြင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အိုကီနာဝါသို့ အလှူငွေများပေးပို့ရန် အဖွဲ့ဝင်များက သဘောတူညီခဲ့ကြကြောင်း ထိုအုပ်စု ခေါင်းဆောင် တိုရှီ ဆာဗန်နီ က ပြောကြားခဲ့သည်။ ပျက်ဆီးသွားသော ရှူယီရဲတိုက်ကို ပြန်လည်တည်ဆောက်ရန် ၎င်းတို့အတူတကွ ရပ်တည်ကြမည်ဟု သူက ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို