၄ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘောလ်ခ်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီကျော်က စစ်သွေးကြွများ ပုန်းအောင်းရာ နေရာများကို လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် စစ်သွေးကြွ ၂၆ ဦးအထက် သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသကြီး စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဧာမက် ဟာနစ်ဖ် ရီဇိုင်း က ယနေ့ပြောကြားခဲ့သည်။
ချာဟာ ဘိုလခ်၊ ကီရှင်ဒရှ်နှင့် ဇာရီ ခရိုင်များတွင် ယမန်နေ့က တိုက်လေယာဉ်များဖြင့်ကျောထောက်နောက်ခံပြုကာ မြေပြင်တပ်ဖွဲ့များ စစ်ဆင်ရေးစတင်ခဲ့ကြသဖြင့် ဒေသခံတပ်မှူး သုံးဦးအပါအဝင် စစ်သွေးကြွ ၂၆ ဦး သေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။
စစ်သွေးကြွများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကဘူးလ်မြို့၏မြောက်ဘက် ၃၀၅ ကီလိုမီတာ အကွာရှိ မာဇာအီရှာရစ် နှင့် ဘောလ်ခ်ပြည်နယ်တို့တွင်စစ်ဆင်ရေးဆင်နွှဲနေသော တာလီဘန် စစ်သွေးကြွများကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


