၅ နိုဝင်ဘာ
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဟောင်ကောင် ဌာနခွဲရုံးခန်းကို စနေနေ့က ဒီမိုကရေစီ လှုပ်ရှားသူတွေက တိုက်ခိုက်တဲ့အပေါ် ရှုတ်ချလိုက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် မနေ့က ပြောကြားလိုက်ပါတယ်။
ဆင်ဟွာ သတင်းဌာနခွဲ ရုံးခန်းပြတင်းပေါက်တွေကို ရိုက်ဖျက်ခဲ့ခြင်းဟာ အကြမ်းဖက် လုပ်ရပ်လိုမျိုး ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းရဲ့ အခြေခံ သဘောတရားကို စိန်ခေါ်လိုက်သလိုမျိုး ဖြစ်နေတယ်လို့ ကွန်မြူနစ်ပါတီထုတ် People's Daily သတင်းစာရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
အစိုးရပိုင် နောက်ထပ် သတင်းစာတစ်စောင်ဖြစ်တဲ့ China Daily သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်ကလည်း ဥပဒေပြန်လည် တည်ဆောက်ရေးအတွက် ဟောင်ကောင်က အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရန် ရေးသားထားပါတယ်။
တရုတ်နိုင်ငံဆီကို တရားခံလွဲပြောင်းပေးရေး ဥပဒေပြဌာန်းရန် ဟောင်ကောင်က ပြင်ဆင်ပြီးနောက် ဆန္ဒပြမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာရာ အခုဆိုရင် လနဲ့ချီပြီး ကြာမြင့်နေပြီဖြစ်ပါတယ်။
MDN
ကိုးကား - AFP


