အေသင်  ၇   နိုဝင်ဘာ

ဂရိနိုင်ငံမှရဲများသည် တရားဝင်ခိုးဝင်သူဟု ယူဆရသည့် လူ ၄၁ ဦးကို ကုန်တင်ကားနေခက်ခန်းအတွင်း တွေ့ရှိခဲ့ရကြောင်းပြောသည်။ နိုဝင်ဘာ ၅ ရက်က နောက်ပိုင်းမြို့ဖြစ်သည့် Xanthi အနီး မော်တော်ကားလမ်းတွင် ရဲများက ကုန်တင်ကားကို ပုံမှန်စစ်ဆေးမှုပြုလုပ်ရန် ရပ်ဆိုင်းခဲ့ကြသည်။

ကုန်တင်ကားနောက်ခန်းတွင် လိုက်ပါလာသည့်လူ ၄၁ ဦးတွင် ၃၉ ဦးမှာ အာဖဂန်နိုင်ငံသများဖြစ်ပြီး တစ်ဦးမှာ ဆီးရီးယားနိုင်ငံသားဖြစ်ကာ နောက်တစ်ဦးမှာ အီရန်နိုင်ငံသားဖြစ်ကြောင်း သိရသည်။ ကုန်တင်ကား၏ နောက်ခန်းတွင် အအေးခန်းပြုလုပ်ထားသော်လည်း မအေးသော်သည့်စနစ်ကို ပိတ်ဆို့ထားသည့်အတွက် အချို့သောသူများမှာ အသက်ရှူမှုပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

အဆိုပါကုန်တင်ကားသည် တူရကီရီနယ်စပ်သို့ ဖြတ်သန်းလာသည်ဟုလည်း ယူဆရသည်။ လွန်ခဲ့သည့် လအတွင်းကလည်း ဗြိတိန်နိုင်ငံမှ ကုန်တင်ကားတစ်စီးတွင်း ဗီယက်နမ် ၃၉ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရသည်။ ဘယ်လ်ဂျီယံတွင်လည်း အခန်းစနစ်ပါဝင်သည့် ကုန်တင်ကားအတွင်း အရှေ့လယ်ပိုင်းနှင့် အာဖရိကတို့မှ လိုက်ပါလာသည့် တရားမဝင်နေထိုင်သူ ၁၂ ဦးကို တွေ့ရှိခဲ့ရသည်။ တူရကီကိုဖြတ်၍ ဥရောပသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လာကြသည့် အာဂန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံသများကို ဂရိအာဏာပိုင်များက သတိထား စောင့်ကြည့်နေကြသည်။

အင်န်အိတ်ချ်ကေ