ဟောင်ကောင်   ၇   နိုဝင်ဘာ

ဟောင်ကောင်ဥပဒေပြုရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်သည့် ဂျူနီးယက်ဟိုသည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ရှင်လျက်ရှိသေးကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

တရုတ်ပြည်မကြီးနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်အနီးရှိ မဲဆန္ဒနယ်တွင် နိုဝင်ဘာ ၂၄ ရက် အတွက် မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ပန်းစည်းကိုင်ဆောင်လာသော လူတစ်ဦးက သူ့မနား ချဉ်းကပ်လာခဲ့ပုံကို ရုပ်သံဖိုင်တွင် ပြသထားသည်။ အဆိုပါပန် စည်းကိုင်ဆောင်လာသောလူက အနီးသို့ ရောက်ရှိသောအခါ အိတ်အတွင်း သိုဝှက်ယူဆောင်လာသည့် ဓားဖြင့် ဟို၏ ရင်ဘတ်အား ထိုးလိုက်ကြောင်း သိရသည်။

အစိုးရဆန္ဒပြမှုများ လချီကြာပြုလုပ်နေသည့်အတွင်း ဒီမိုကရေစီလိုလားသူများနှင့် မတ်လောင်းများကို တိုက်ခိုက်မှုများ မြင့်မားလာခဲ့သည်။ ဟောင်ကောင်အစိုးရက ဟိုကိုတိုက်ခိုက်ခဲ့မှုအား ရှုတ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် မိမိတို့၏ ထင်မြင်ယူဆချက်များကို ငြိမ်းချမ်းစွာဖော်ပြဖို့ တိုက်တွန်းထားပြီး မည်သည့် အကြမ်းဖက်တိုက်ခိုက်မှု အရေးမယူ ခွင့်လွှတ်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

အေအက်ဖ်ပီ